Main menu

ပခုက္ကူမြို့၊ အမှတ်(၁၇)၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အနီးကပ်ကြီးကြပ်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအဖွဲ့သည် (၂-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၇)၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆရာ/ ဆရာမ(၃)ဦး၊ ကျောင်းသား/ ကျောင်းသူ(၉၅)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

    ၎င်းနောက် ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးက ဦးစီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရာတွင် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

      ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်တင်တင်မော်က ဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သော စားသုံးသူအခွင့်အရေးဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုကဲ့သို့ လာရောက် အသိပညာပေးရခြင်းဖြစ်ကြောင်း၊ အခွင့်အရေးနှင့်တာဝန်များကိုသိရှိမှသာရယူနိုင်ပြီး နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်မလာနိုင်ကြောင်း၊ ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထိခိုက်နစ်နာမှုများရှိလာပါက တိုင်ကြားခွင့်၊ အလျော်အစားရပိုင်ခွင့်နှင့်ကုစားခွင့်များ၊ အခွင့်အရေးနှင့်တာဝန်များကို အသေးစိတ်ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။

    ဒုတိယဦးစီးမှူး ဒေါ်သူဇာကျော်ကလည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်(၈)ချက်ကို ကျောင်းသား/ ကျောင်းသူများအလွယ်တကူ နားလည်နိုင်စေရန်အတွက် နမူနာမုန့်များဖြင့်  ရှင်းလင်းပြသ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသောစားသောက်ကုန်နှင့် သတ်မှတ်ချက်နှင့်မညီသော အစားအသောက်များအားခွဲခြားတတ်စေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။ ဆက်လက်၍ အသိပညာပေးဟောပြောဆွေးနွေးပွဲအပြီးတွင် ဟောပြောခဲ့သည့်အကြောင်းအရာများကို အမေးအဖြေပြုလုပ်၍ ဖြေဆိုနိုင်သူများအား အမှတ်တရဆုများပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)