Main menu

မကွေးမြို့၊ မြို့မစျေး၌ စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနမှ စားသုံးရန်မသင့် ထုတ်ပြန်သော စားသောက်ကုန်များ၊ သက်တမ်းလွန်နေသော စားသောက်ကုန်များနှင့် စျေးကွက်အတွင်းရှိ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်မှုရှိ/မရှိတို့အား လစဉ်လျာထား ချက်များ သတ်မှတ်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

    (၅.၂.၂၀၂၄)ရက်နေ့ နံနက် (၀၈:၃၀)တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသည် မိတ်ဖက်ဌာနများဖြစ်သည့် စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်းပြီး မကွေးမြို့၊မြို့မစျေးရှိ ကုန်မျိုးစုံအရောင်းဆိုင်များ၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသော ဇော်ဂျီ ဆေးမန်ကျည်း၊ မောင်ကျန်တတို့ (သစ်သီးယိုစုံအတို့မှုန့်၊ ရှောက်ချိုမွှေး)တို့ ရောင်းချမှုရှိ/မရှိနှင့် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုရှိ/မရှိတို့အား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)