Main menu

ဈေးသူ/ဈေးသားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီခန့်အချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ ဈေးစည်ပင်ရုံး၌ ဈေးသူ‌/ဈေးသားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင် ဒဂုံမြို့သစ်မြို့နယ်တာဝန်ခံ ဦးနေလင်း (ဒုကြီးကြပ်ရေးမှူး) က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကိုလည်းကောင်း၊ ဥပဒပါ စီးပွားရေးလုပ်ငန်းရှင်က တာဝန် ယူရမည့် အချက် (၁၁) ချက်ကိုလည်းကောင်း၊ အသေးစိတ်ပြောကြားခဲ့ပြီး ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးခြင်း၊ အာမခံပေးထားမှုအပေါ် စားသုံးသူကလည်း တောင်းဆိုနိုင်သည့်အခွင့်အရေးများရှိကြောင်း၊ မိမိတို့သည် စီးပွားရေးလုပ်ငန်းရှင်ဟုဆိုသော်လည်း စားသုံးသူလည်းဖြစ်သည့်အတွက် နစ်နာဆုံးရှံးမှုများဖြစ်ပါက ကုစားခွင့်ရှိကြောင်း၊ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်မှာ တာဝန်ရှိကြောင်း၊ ဥပဒေပါပြစ်မှုပြစ်ဒဏ်များအကြောင်း၊ နစ်နာဆုံးရှံးမှုများရှိပါက အလွယ်တကူတိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန့်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ ( CICC ) ရုံးခန်းများကို သက်ဆိုင်ရာစားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသည့်အတွက် လာရောက်တိုင်ကြားနိုင်ကြောင်း ဟောပြောခဲ့ပါသည်။ ဟောပြောပွဲကို ဈေးတာဝန်ခံနှင့် အတူဝန်ထမ်း ( ၂ )ဦး၊ ဈေးသူ/ဈေးသား (၁၅) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)