Main menu

စားသုံးဆီဆိုင်နှင့်ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒု-ဦးစီးမှူးဦးဆောင်၍  (၂၉-၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၅၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်အတွင်းရှိ အင်းစိန်ဈေးသို့သွားရောက်၍ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့်ဆီဈေးနှုန်းများကို ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ပထမဦးစွာ စားအုန်းဆီလက်လီရောင်းချနေသောဆိုင်များအား ၎င်းတို့ဆိုင်တွင်ရောင်းချနေသော ဆန်နှင့်ဆီဈေးနှုန်းများကိုစုံစမ်းခဲ့ရာ ရည်ညွှန်းဈေးနှုန်း (၅၃၈၀)ကျပ်ဖြင့် ထုတ်၍ လက်ကားဆိုင်မှ (၅၅၉၈)ကျပ်ဖြင့်ဝယ်ယူကာ လက်လီဈေး (၅၈၀၀)ကျပ်နှုန်းဖြင့် တစ်ဦးလျှင် (၅)ကျပ်သားမှ (၅၀)ကျပ်သားအထိရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။ ဆန်ဆိုင်များသို့သွားရောက်ကွင်းဆင်းခဲ့ရာ ရွှေဘိုပေါ်ဆန်း (၁)ပြည်လျှင် (၆၆၀၀)ကျပ်၊ (၁)အိတ်လျှင် (၁၅၇၄၀၀)ကျပ်၊ ပေါ်ဆန်းမွှေး(သစ်) (၁)ပြည်လျှင် (၅၅၀၀)ကျပ်၊ (၁)အိတ်လျှင် (၁၃၁၀၀၀)ကျပ်ဖြင့်ရောင်းချနေကြောင်းနှင့် ဆန်များမှာလည်း ယခုရက်ပိုင်းအတွင်း၌ အရောင်းအေးနေကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)