Main menu

ဝက်အူချောင်းထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင်   ဦးစီးမှူး   ဦးအောင်သိန်း  ၊   မိုးညို မြို့နယ်တာဝန်ခံ ဦးဇော်ထွန်း၊ စားသုံး  / ထုတ်လုံ တာဝန်ခံ   ဒေါ်ခိုင်ခိုင်ရီတို့သည် ၂၀၂၂ ခုနှစ်   ၊ ဇန်နဝါရီလ (၂၄) ရက်နေ့  နံနက် ( ၁၀: ၀၀) အချိန်တွင် သာယာဝတီခရိုင် မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ လုပ်ငန်းရှင် ဦးနိုင်ဝင်းနှင့်တွေ့ဆုံ၍ ကုန်စည်များတွင်  ကုန်အညွှန်းအမှတ်အသားများအား   စားသုံးသူကာကွယ်ရေးဉပဒေနှင့် အညီ ပြည့်စုံစွာဖော်ပြပါရှိစေရေး ဆွေးနွေးခဲ့ပါသည်။

         အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူကာကွယ်ရေး ဉပဒေ အခန်း (၁၈) ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ပြည့်စုံစွာ ဖော်ပြရန်၊ စားသုံးသူပြည်သူများအတွက် သန့်ရှင်း၍ အန္တရာယ် ကင်းသော စားသောက်ကုန် ဖြစ်စေရေး အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးပြီးနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)