Main menu

ဖိလစ်ပိုင်သည် ၂၀၂၄ ခုနှစ်တွင် ထိပ်တန်းဆန်တင်သွင်းသူအဖြစ် ဆက်လက်တည်ရှိမည်

Powered by Drupal

     အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) ၏ လေ့လာဆန်းစစ်ချက်များအရ ဖိလစ်ပိုင်နိုင်ငံ

သည် ၂၀၂၄ ခုနှစ်တွင် ထိပ်တန်းဆန်တင်သွင်းသူအဖြစ် ဆက်လက် ရပ်တည်လျက်ရှိမည်ဖြစ် ကြောင်း သိရှိရသည်။

     အဆိုပါခန့်မှန်းချက်၌ ကမ္ဘာ့ဆန်ကုန်သွယ်မှုမှာ ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၅၂.၄ သန်းရှိရာမှ ယခုနှစ်၌ ၅၂.၂ သန်းသို့ ကျဆင်းနိုင်သော်လည်း ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဆန်တင်သွင်းမှုကို မြှင့် တင်ဖွယ်ရှိကြောင်း၊ ယခုနှစ်တွင် တရုတ်၊ အင်ဒိုနီးရှား၊ ဥရောပသမဂ္ဂ၊ နိုင်ဂျီးရီးယားနှင့် အီရတ်တို့ ကဲ့သို့ ဆန်အဓိကတင်သွင်းသူများကို ကျော်လွန်၍ ဆန်တန်ချိန် ၃.၈ သန်း အထိ စံချိန်တင် ဝယ် ယူ တင်သွင်းမည်ဟု ခန့်မှန်းရကြောင်း ဖော်ပြထားသည်။

     USDA ၏ အစီရင်ခံစာသည် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံက ချမှတ်ခဲ့ သော ဆန်တင်ပို့မှု တားမြစ်ကန့်သတ်ချက်များကို ထည့်တွက်လျက် ခန့်မှန်းထားခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ်မှ စတင်၍ ဆန်ဈေးနှုန်းများ မြင့်တက်လာခဲ့သည့် နောက်ပိုင်း၌ ဖိလစ်ပိုင်နိုင်ငံသည် ဆန်ပမာဏ အမြောက်အမြားကို ဝယ်ယူခဲ့ပြီး ယခုနှစ်တွင် ဈေးနှုန်းကျဆင်းမည့်အချိန်ကို စောင့် ဆိုင်းနေကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

    ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ဆန်ကုန်သွယ်မှုတွင် ဆန်ဝယ်ယူမှုလျော့နည်းလာမည့် နိုင်ငံများမှာ ဘရာဇီး၊ အီဂျစ်၊ ဂါနာ၊ အင်ဒိုနီးရှား၊ ကင်ညာ၊ မိုဇမ်ဘစ်၊ မြောက်ကိုရီးယား၊ စင်ကာပူ၊ တန်ဇန်း နီးယား၊ တိုဂိုနှင့် ဗီယက်နမ် တို့ဖြစ်ကြောင်း၊ အပြန်အလှန်အားဖြင့် တရုတ်၊ တောင်ကိုရီးယား၊ မလေးရှားနှင့် ဖိလစ်ပိုင် တို့အပါဝင် အာရှနိုင်ငံများ၏ ဆန်ဝယ်ယူမှု တိုးလာမည်ဖြစ်ကြောင်း USDA အစီရင်ခံစာက ဆိုသည်။

    အခြားနိုင်ငံများဖြစ်သည့် အာဖဂန်နစ္စတန်၊ အန်ဂိုလာ၊ ဘင်္ဂလားဒေ့ရှ်၊ ကွန်ဂို၊ ကျူးဘား၊ အီသီယိုးပီးယား၊ အီရန်၊ လိုက်ဘေးရီးယား၊ လစ်ဗျား၊ မာဒါဂတ်စကာ၊ မက္ကဆီကို၊ နီပေါ၊ ဆော်ဒီ အာရေးဗျ၊ ဆီယာရာလီယွန်၊ ယူအေအီး၊ ယူကေ၊ အမေရိကန်ပြည်ထောင်စုနှင့် ယီမင်နိုင်ငံတို့ အနေဖြင့် ဆန်ဝယ်ယူမှုကို အရှိန်အဟုန်မြှင့်ရန် မျှော်မှန်းထားသည်။

    သို့သော် ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနမှ ဒုတိယအတွင်းဝန် Roger V. Navarro က ဆန်တန် ချိန်များစွာ တင်သွင်းရောက်ရှိခဲ့ခြင်းနှင့် မကြာသေးမီက လယ်သမားများ၏ ရိတ်သိမ်းမှုမှ အထွက် ပမာဏများပြားခြင်းတို့အရ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ရှေ့လာမည့် ရိတ်သိမ်းရာသီ မတ်လအထိ ဆန်အလုံအလောက် သိုလှောင်ထိန်းသိမ်းထားကြောင်းဖြင့် USDA အစီရင်ခံစာ၏ ဖော်ပြချက်ကို ဆန့်ကျင်လျက် အခိုင်အမာပြောဆိုခဲ့သည်။

   ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့အထိ ၎င်း၏ အဓိကဆန် တင်သွင်းသူဖြစ်သည့် ဗီယက်နမ်နိုင်ငံမှ ဆန်မက်ထရစ်တန် ၅၆၀၉၀.၆၃ တန်ကို တင်သွင်းခဲ့ပြီး ဖြစ်သည်။ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ခြောက်သွေ့မှုဒဏ်ကို တုံ့ပြန်ဆောင်ရွက်သည့် အနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနသည် ဖေဖော်ဝါရီလကုန်အတွင်း ဆန်တန်ချိန် ၅၀၀၀၀၀ ခန့်ကို တင်သွင်း ရန် စီစဉ်ထားကြောင်း သိရသည်။ ထိုင်ဝမ်သည် ခရစ္စမတ်မတိုင်မီ တန်ချိန် ၁၀၀၀ နှင့်ညီမျှသော ဆန်အိတ် ၂၀၀၀၀ ကို ဖိလစ်ပိုင်သို့ တင်ပို့ထားပြီး အိန္ဒိယနိုင်ငံအနေဖြင့် ဘာစမာတီမဟုတ်သော ဆန်ဖြူများကို တင်ပို့ခွင့်ပိတ်ထားသော်လည်း ဖိလစ်ပိုင်သို့ ဆန်တန်ချိန် ၇၅၀၀၀ ရောင်းချပေးရန် စီစဉ်ထားသည်။

    ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း လက်မှတ် ရေးထိုးထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၅၀ အရ ဖိလစ်ပိုင်နိုင်ငံ အတွင်းသို့ ဆန်တင်သွင်းမှုအားလုံးသည် ၂၀၂၄ နှစ်ကုန်အထိ အကောက်ခွန်နှုန်းထား ၃၅% ကို ပေးဆောင်ရမည်ဖြစ်ပါသည်။

Source: Port Calls