Main menu

ကံမမြို့တွင် ပလတ်စတစ် (Campaign)နှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ၊ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည်(၂၂-၁-၂၀၂၄)ရက်နေ့၊ နံနက်(၀၇:၀၀) နာရီအချိန် တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးစီးသောအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ ပလတ်စတစ်အိတ်နှင့် ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျော့ချသုံးစွဲစေရန် ရည်ရွယ်၍ ကမ်ပိန်း(Campaign) ပြုလုပ်ရာတွင် ကြွပ်ကြွပ်အိတ်အစား အင်ဖက်များ၊ ငှက်ပျောဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းအား သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။

  ဆက်လက်၍ နံနက်(၁၀:၀၀)နာရီအချိန်တွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးပါဝင်သောအဖွဲ့စုံဖြင့် စားသုံးသူများ  ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေး ရည်ရွယ်၍ ကံမမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ကုန်စုံဆိုင်(၃)ဆိုင်အား ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာဘာသာဖြင့်ဖော်ပြပါရှိသော ကုန်စည်များသာရောင်းချရန်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲများပါရှိသောကုန်စည်များကိုသာ ‌ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စု(၈)အုပ်စုတွင် ပါဝင်ရမည့်အချက်များ၊ ပါရှိသောကုန်စည်များသာ အလေးထားရောင်းချရန်၊ သက်တမ်းလွန်ပစ္စည်းများမရောင်းချစေရေး ဆွေးနွေးပြောကြားပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)