Main menu

သရက်မြို့မှထွက်ရှိသည့် ကြောင်လျှာဆံနှင့် ဆီးသီး အစို/အခြောက် ဈေးနှုန်းဈေးကွက်

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော အင်းမငယ်၊ ပေါက်ပင်၊ အုန်းပင်လှ၊ စခန်းကြီး၊ မြောက်ဘော၊ တောင်ဘော၊ မင်းတည်း၊ ပျဉ်ထောင်၊ မြွေပွေး၊ ရွာသစ်၊ ကျောက်အိုင်စသည့် ကျေးရွာများမှထွက်ရှိသည့် ကြောင်လျှာသီးများမှ ထွက်ရှိသည့် ကြောင်လျှာ ဆံဈေးနှုန်းများမှာ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(စတုတ္ထပတ်)တွင် ကြောင်လျှာဆံတစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)ဈေးနှုန်းဖြင့် (တတိယပတ်)ထက် ကျပ်(၁၀၀၀)ဈေးအလျော့ဖြင့် ပိဿာ(၅၀ မှ ၆၀)အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဝယ်ယူရရှိပြီး ကြောင်လျှာဆံများကို အောင်လံ၊ ပြည်၊ မန္တလေးမြို့သို့ တင်ပို့ရောင်းချရပါကြောင်း ကုန်သည်ဦးမြင့်လွင်ထံမှ သိရပါသည်။

   သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ဆီးသီးအစို/အခြောက်များလည်း လှိုင်လှိုင်ပေါ်ထွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(စတုတ္ထပတ်)တွင် တစ်တင်းလျှင် ကျပ်(၁၁၅၀၀)ဈေးဖြင့် (တတိယပတ်)ထက် ကျပ်(၁၀၀၀)ဈေးအမြင့်ဖြင့် တစ်နေ့လျှင် အိတ်ရေ(၅၀၀မှ ၈၀၀)ဝန်းကျင်ခန့် အ‌ရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ဝယ်ယူရရှိပြီးသော ဆီးသီးများကို ဆီးသီးခွဲစက်ဖြင့် ဆီးသီးမှဆီးစေ့ဖြစ်အောင် ကြိတ်ခွဲမည်ဖြစ်ပါကြောင်း၊ ဆီးဆံ(၁)တင်းလျှင် ယခုအချိန်တွင် ကျပ် (၅၃၀၀၀မှ ၅၄၀၀၀) ဈေးခန့်ရှိ ပါကြောင်း၊ ဆီးဆံများရရှိပါက အောင်လံ၊ ပြည်၊ မန္တလေးမြို့ သို့တင်ပို့ရောင်းချသွားမည် ဖြစ်ပါကြောင်း ဆီးသီးဝယ်ယူသူ ဦးဇော်မျိုးဦးထံမှ သိရပါသည်။

DOCA(မကွေး)