Main menu

သန့်ရှင်းလတ်ဆတ်သော ပဲခူးမြို့၏ ချစ်စရာ WOW အာလူးကြော်

Powered by Drupal

     လူမျိုးဘာသာမရွေး ခရီးသွားရင်း၊ ရုပ်ရှင်ကြည့်ရင်း စားသုံးကြသည့် သားရေစာများအနက် အာလူးကြော်သည်လည်းအပါအဝင်ဖြစ်ရာ ချစ်စရာ WOW အာလူးကြော်ကို ပဲခူးမြို့၊ ညောင်အင်းကျေးရွာ၊ ဝတုတ်ကြီး အကြော်စုံလုပ်ငန်းက ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ အာလူးကြော်ရန်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသမှထွက်ရှိသော အကောင်းဆုံးအမျိုးအစားအနက် ရွှေဝါရောင်အာလူးအမျိုးအစားကိုရွေးချယ်ဝယ်ယူ၍ ရေသန့်စင်အောင်ဆေးကာ အခွံခွာပြီး အာလူးများအား အပြားလိုက် ပါးပါးလှီးခြင်း၊ စကာကွက်လှီးခြင်းနှင့် အချောင်းလိုက်လှီးခြင်း စသည့်ပုံစံ(၃) မျိုးဖြင့် အချိုနှင့်အစပ်ဟူ၍ နှစ်မျိုးကြော်၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ပါဝင်ပစ္စည်းများအနေဖြင့် စားအုန်းဆီ၊ ဆား၊ ဟင်းခတ်မှုန့်တို့ကိုသာ အသုံးပြုကြောင်းသိရှိရပါသည်။ ပါးပါးလှီးထားသော အာလူးပြားများအား ရေနှင့်စင်အောင်ဆေးကြောပြီးနောက် စက်ဖြင့် ရေစင်အောင်စစ်ထုတ်ပြီးပါက  ကြော်ကာ  ဘူးသွပ်၍ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ အာလူးကြော် (၃၀၀)ဂရမ်တစ်ဘူးလျှင် ကျပ် (၅၀၀၀) ဖြင့်ရောင်းချလျက်ရှိပြီး အာလူးကြော်ရန်အတွက် တစ်ရက်လျှင် လုပ်သား(၁၀)ဦးဖြင့် အာလူး(၃၀) ပိဿာဝင် အိတ်၃၀ခန့်အား စားသုံးဆီ ၁၀ပိဿာခန့်အသုံးပြု၍ကြော်ရပါသည်။  အာလူး (၃၀ ) ပိဿာဝင် တစ်အိတ်လျှင် အာလူးကြော် ၇ပိဿာနီးပါးခန့်ထွက်ရှိပြီး (၂၀၀၀၀/-) ကျပ်ခန့်အမြတ်ကျန်ကြောင်းသိရှိရပါသည်။ ချစ်စရာ Wow အာလူးကြော်များအား ပဲခူး၊ ရန်ကုန်၊ ပုသိမ်မြို့များသို့ အဓိကဖြန့်ချိတင်ပို့ရောင်းချလျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး၊  ဒေသထွက်ကုန်များအရောင်းစင်တာတွင်လည်း ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)