Main menu

ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်း

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်းမြို့နယ်တာဝန်ခံရုံး၌   (၂၃-၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း အရန်ဆန်သိုလှောင်ထားရှိနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံ၊  ခရိုင်အတွင်းရှိ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတွေဆုံ၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။

      ထိုသို့တွေ့ဆုံမှုပြုလုပ်ရာတွင် ခရိုင်တာဝန်ခံမှ ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များပေါ်ပေါက်လာပါက အရေးပေါ်ထောက်ပံ့သုံးစွဲရန်အတွက်သော်လည်းကောင်း၊ ဘုန်းကြီးကျောင်းများ၊ ကျန်းမာရေးဆေးရုံ၊ သင်တန်းကျောင်းများ၊ ပညာရေးတက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံကျောင်းများအတွက်  သင့်တင့်မျှတသောဈေးနှုန်းဖြင့်  လှူဒါန်းနိုင်ရန်အတွက် အရန်ဆန် သိုလှောင်ထားရှိနိုင်ရေး ဆောင်ရွက်မည့်အစီအစဉ်တို့ကို  ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)