Main menu

သီလဝါအထူးစီးပွားရေးဇုန်အတွင်း စက်ရုံများအတွက် လိုအပ်သော ပြည်တွင်း MSMEs လုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးမည့် အစီအစဉ်ရှင်းလင်းပွဲ

Powered by Drupal

          သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ စက်ရုံများ၏ လိုအပ်လျက်ရှိသော ကုန်ကြမ်းများနှင့် ထုတ်လုပ်မှု အထောက်အကူပြုပစ္စည်းများအား ဝယ်ယူသုံးစွဲလျက်ရှိရာတွင် ပြည်တွင်း MSME လုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ ဝယ်ယူနိုင်ရေးဆောင်ရွက်ပေးမည့်အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပွဲအခမ်းအနားအား ၂၅.၁.၂၀၂၄ ရက်၊ ကြာသပတေးနေ့၊ နေ့လည် ၁ နာရီ အချိန်တွင် Thilawa Special Economic Zone Administration Complex တွင် ကျင်းပခဲ့ပါသည်။

       အဆိုပါ အခမ်းအနားသို့ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ ဒေါ်ချိုချိုဝင်း၊ အတွင်းရေးမှူး ဒေါ်စိုးစိုးအေး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၏ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများ၊ စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၏ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်ညွှန့် နှင့် တာဝန်ရှိသူများ၊ သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ ကုမ္ပဏီ(၈၄)ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)