Main menu

ပြည်သူများထံ စားသုံးဆီများ မှန်ကန်မြန်ဆန်စွာ ရောက်ရှိပြီး ဆီပြတ်လပ်မှုမရှိစေရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

          ကုမ္ပဏီများမှ တင်သွင်းလာသည့်ဆီများအား ဆီကန်များသို့ ထည့်သွင်းရာတွင် မြို့ပေါ် ဆီကန် များကိုပါ မျှမျှတတ ဆီသိုလှောင်ရန်ကိစ္စနှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွက် Cargo Plan အရ ဆီရောက်ရှိရန် ကျန်ရှိသော ကုမ္ပဏီများ၊ ဖေဖော်ဝါရီလ Cargo Plan ပေးရန် ကျန်ရှိသော ကုမ္ပဏီများနှင့် ညှိနှိုင်းအစည်းအဝေး အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားကို မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဦးမြင့်လွင်နှင့် တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး၏ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင် နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဆီတင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်၏ မန်နေဂျင်း ဒါရိုက်တာ ဦးမြင့်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြား ခဲ့ရာမှာ ဆီတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် ဆီရောက်ရှိပါက မြို့ပေါ်သိုလှောင်ကန်များ တွင်ပါ ချယူသိုလှောင်ရန်နှင့် ရည်ညွှန်းဈေးမှာ အထက်အဆင့်ဆင့်က စိစစ်ကာ သတ်မှတ်ထား သည်ဖြစ်၍ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

          ထို့နောက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဌ ဦးပိုင်ဖြိုးသန့်က အသင်းအနေနှင့် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်းနှင့် စားသုံးဆီမပြတ်လပ်စေရေးနှင့် လွယ်ကူစွာ ဝယ်ယူနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်လွင်က စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေနှင့် ပြည်သူလူထုထံ စားသုံးဆီများကို ရည်ညွှန်းဈေးအတိုင်း မှန်ကန်မြန်ဆန်စွာ ရောက်ရှိရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကုမ္ပဏီများအနေနှင့် ဆီထုတ်ယူမည့် ကိုယ်စားလှယ် များအား အဆင်ပြေစွာ ဆီထုတ်ယူနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးရန် ပြောကြားခဲ့ပါသည်။

          ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် ဆီကုမ္ပဏီများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)