Main menu

မအူပင်မြို့တွင် ပင်စင်အငြိမ်စား သက်ကြီးရွယ်အိုများကို ဆန်၊ ဆီ၊ ကြက်ဥ ရောင်းချပေးခြင်း

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ်တွင် မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်၍ မအူပင်မြို့နယ်မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကျန်းမာရေးဦးစီးဌာန၊ ပင်စင်ဦးစီးဌာနတို့ပူးပေါင်း၍ (၂၃.၁.၂၀၂၄) ရက်နေ့မှ (၂၆.၁.၂၀၂၄)ရက်နေ့အထိ နံနက်(၀၉:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် မအူပင်မြို့ရှိ ပင်စင်စားသက်ကြီးရွယ်အို မိဘဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အခြေခံစားသောက်ကုန်များ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြသည်။

  ရောင်းချမှုတွင် မအူပင်မြို့နယ် သက်ကြီးပင်စင်အငြိမ်းစားများကို ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြပြီး၊ ဆန်ကုန်သည်များအသင်း၊ ဆီကုန် သည်များအသင်းတို့မှ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်အတူ ပူးပေါင်းကာ သက်သာသောဈေးနှုန်းဖြင့် ရောင်းချရန် ကြပ်မတ်ဆောင်ရွက်ခဲ့ပြီး  အခြေခံစားသောက် ကုန်ဖြစ်သော ဆန် တစ်ပြည် (၂၅၀၀)ကျပ်၊ ဆီ ၅၀သား ၁ဦးလျှင် တစ်ဘူးနှုန်း (၂၇၀၀)ကျပ်၊ ကြက်ဥ ၅လုံး (၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)