Main menu

၂၀၂၃-၂၀၂၄ မွန်ပြည်နယ် မိုးစပါး(ဧည့်မထ) စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

     မွန်ပြည်နယ်သည် ဆန်စပါးဖူလုံမှုရှိသော ပြည်နယ်တစ်ခုဖြစ်သည့်အတွက် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟခြင်းကို လျော့ချနိုင်ရန် မြို့နယ်များအလိုက်ကျေးရွာများအား ဖွံဖြိုး         တိုးတက်လာစေရေး နှစ်စဉ်စီမံကိန်းများချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လယ်ယာကဏ္ဍာအနေဖြင့် ယခုနှစ်မိုးရာသီတွင် မိုးစပါးကို ရည်မှန်းချက်ဧကအတိုင်း အကောင် အထည်ဖော် စိုက်ပျိုးနိုင်ခဲ့ပါသည်။

    မွန်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးထွက်ရှိမှုမှာ စိုက်ဧက (၆၉၆၂၉၈)၊ ရိတ်ဧက (၆၇၂၉၆၈)၊ အထွက်တင်း (၄၄၁၆၅၃၈၅)၊ ထွက်ရှိပြီး ယခင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ဧက (၆၈၇၈၂၈)နှင့်နှိုင်ယှဉ်ပါက (၈၄၇၀)ဧကခန့်  ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်ကိုတွေ့ရှိရ သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မွန်ပြည်နယ်၏ မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ တစ်ဧကလျှင် (၆၇၃၈၀၀) ကျပ် ကုန်ကျပြီး တစ်ဧကအကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း (၆၂)တင်း၊ တစ်တင်းရောင်းဈေး (၁၉၀၀၀)၊ တစ်ဧကဝင်ငွေ (၁၁၇၈၀၀၀) ၊ တစ်ဧကအကျိုးအမြတ် အနေဖြင့်(၅၀၄၂၀၀) ကျပ်၊ ခန့်ရရှိပြီး ယခင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ တစ်ဧကလျှင် (၄၆၂၁၅၀) ကျပ် ကုန်ကျပြီး တစ်ဧက ပျမ်းမျှ အထွက်နှုန်း (၆၂)တင်း၊ တစ်တင်းရောင်းဈေး (၁၃၀၀၀)၊ တစ်ဧကဝင်ငွေ (၈၀၆၀၀၀) ၊ တစ်ဧကအကျိုးအမြတ် အနေဖြင့်(၃၄၃၈၅၀) ကျပ် နှင့်နှိုင်းယှဉ်ပါကလည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တစ်ဧကလျှင် (၁၆၀၃၅၀)ကျပ် ပိုမိုအကျိုးအမြတ်ရရှိသည်ကို တွေ့ရှိရပါသည်။

    ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မွန်ပြည်နယ်၏ မိုးစပါးဖူလုံမှုအခြေအနေမှာ အထွက်(တင်း)  (၄၄၁၆၅၃၈၅) ထွက်ရှိပြီး ပြည်နယ်လူဦးရေ၏ စုစုပေါင်းသုံးစွဲမှုမှာ ( ၃၅၁၀၁၆၀၉) (တင်း)ခန့် ရှိပြီး ၊ ပြည်နယ်အတွင်း ထွက်ရှိမှု၏ (၉၀၆၃၇၇၆) (တင်း ) ခန့်ပိုလျှံမှုရှိသည်ကိုတွေ့ရှိရပါသည်။

ဈေးနှုန်းဈေးကွက်အခြေအနေ

     ယခင်အပတ် (၁၃.၁.၂၀၂၄ မှ ၁၉.၁.၂၀၂၄) ရက်နေ့တွင် ပေါ်ဆန်း(စပါး)အသစ် (၄၆)ပေါင် ၊ တင်း(၁၀၀) လျှင် (၂၆၈၀၀၀၀) ကျပ် ရှိခဲ့ပြီး ယခုအပတ် (၂၀.၁.၂၀၂၄ မှ ၂၆.၁.၂၀၂၄) တွင် ပေါ်ဆန်း(စပါး)အသစ် (၄၆)ပေါင် ၊ တင်း(၁၀၀) လျှင် (၂၇၆၀၀၀၀) ကျပ် ပေါက်ဈေးဖြစ်ပေါ်နေပြီး ယခင်အပတ် နှင့်နှိုင်းယှဉ်ပါက စပါး(၄၆)ပေါင်(၁၀၀)တင်းလျှင် (၈၀၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက် လာပြီး ယခင်နှစ် (၂၆.၁.၂၀၂၃) ရက်နေ့ စပါး(၄၆)ပေါင်(၁၀၀)တင်းလျှင် (၁၃၀၀၀၀၀)ကျပ်နှင့် နှိုင်းယှဉ်ပါကလည်း (၁၄၆၀၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။

    ယခင်အပတ် (၁၃.၁.၂၀၂၄ မှ ၁၉.၁.၂၀၂၄) ရက်နေ့တွင် ပေါ်ဆန်း(ဆန်)အသစ် (၂၄)ပြည် တစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ် တစ်ပြည်လျှင်(၄၇၀၀)ကျပ်ရှိခဲ့ပြီး ယခုအပတ် (၂၀.၁.၂၀၂၄ မှ ၂၆.၁.၂၀၂၄) ရက်နေ့တွင် ပေါ်ဆန်း(ဆန်)အသစ် (၂၄)ပြည်တစ်အိတ်လျှင် (၁၁၈၀၀၀)ကျပ် တစ်ပြည်လျှင် (၅၁၀၀)ကျပ်နှင့်နှိုင်းယှဉ်ပါကလည်း တစ်အိတ်လျှင် (၈၀၀၀)ကျပ်၊ တစ်ပြည်လျှင်(၄၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။ ယခင်နှစ် (၂၆.၁.၂၀၂၃)ရက်နေ့တွင် ပေါ်ဆန်း (ဆန်) အသစ် (၂၄)ပြည်တစ်အိတ်လျှင် (၅၃၀၀၀)ကျပ် တစ်ပြည်လျှင် (၂၃၀၀)ကျပ်နှင့်နှိုင်ယှဉ်ပါကလည်း တစ်အိတ်လျှင်(၆၅၀၀၀)နှင့် တစ်ပြည်လျှင် (၂၈၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာခဲ့သည်ကို တွေ့ရှိ ရသည်။

    ဧည့်မထစပါးမှာ ယခင်အပတ် (၁၃.၁.၂၀၂၄ မှ ၁၉.၁.၂၀၂၄) ရက်နေ့တွင် စပါးအသစ် (၄၆)ပေါင် ၊ တင်း(၁၀၀) လျှင် (၁၉၅၀၀၀၀) ကျပ် ရှိခဲ့ပြီး ယခုအပတ် (၂၀.၁.၂၀၂၄ မှ ၂၆.၁.၂၀၂၄) တွင် ဧည့်မထ(စပါး)အသစ် (၄၆)ပေါင် ၊ တင်း(၁၀၀) လျှင် (၁၉၇၅၀၀၀) ကျပ် ပေါက်ဈေးဖြစ်ပေါ်နေပြီး ယခင်အပတ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက စပါး(၄၆)ပေါင် (၁၀၀)တင်းလျှင် (၂၅၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာပြီး ယခင်နှစ် (၂၆.၁.၂၀၂၃) ရက်နေ့ ဧည့်မထစပါး(၄၆)ပေါင်(၁၀၀)တင်းလျှင် (၁၀၀၀၀၀၀)ကျပ်နှင့် နှိုင်းယှဉ်ပါကလည်း (၉၇၅၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။

    ဧည့်မထဆန် ဈေးနှုန်းမှာ ယခင်အပတ် (၁၃.၁.၂၀၂၄ မှ ၁၉.၁.၂၀၂၄) ရက်နေ့တွင် ဧည့်မထ(ဆန်)အသစ် (၂၄)ပြည် တစ်အိတ်လျှင် (၆၈၀၀၀)ကျပ် တစ်ပြည်လျှင်(၃၀၀၀)ကျပ် ယခုအပတ် (၂၀.၁.၂၀၂၄ မှ ၂၆.၁.၂၀၂၄) ရက်နေ့တွင် ဧည့်မထ(ဆန်)အသစ် (၂၄)ပြည် တစ်အိတ်လျှင် (၇၅၀၀၀)ကျပ် တစ်ပြည်လျှင် (၃၃၀၀)ကျပ်နှင့်နှိုင်းယှဉ်ပါကလည်း တစ်အိတ်လျှင် (၇၀၀၀)ကျပ်၊ တစ်ပြည်လျှင်(၃၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။ ယခင်နှစ် (၂၆.၁.၂၀၂၃)ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော  ဧည့်မထ(ဆန်)အသစ် (၂၄)ပြည်တစ်အိတ်လျှင် (၃၉၀၀၀)ကျပ် တစ်ပြည်လျှင် (၁၇၀၀)ကျပ်နှင့်နှိုင်ယှဉ်ပါကလည်း တစ်အိတ်လျှင်(၃၆၀၀၀)နှင့် တစ်ပြည်လျှင် (၁၆၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း တွေ့ရှိရသည်။

စီးဝင်မှုစီးထွက်မှု

     မွန်ပြည်နယ်အတွင်းသို့ (၁၄..၁.၂၀၂၄ မှ ၂၀.၁.၂၀၂၄) ရက်နေ့ထိ ပေါ်ဆန်း(ဆန်) ဝင်ရောက် မှုမှာ ရန်ကုန်တိုင်းဒေသကြီးမှ-(၁၈၀၃၉)အိတ်(၉၀၂တန်)၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၃၂၇၇၀) အိတ် (၆၃၉တန်)၊ ဧရာဝတီတိုင်းဒေသကြီးမှ (၄၄၁၅)အိတ် (၂၂၁တန်)၊စုစုပေါင်း (၁၇၀၂)တန်ခန့် စီးဝင်လျှက်ရှိပြီး ပြည်နယ်တွင်းမှစီးထွက်မှုမှာ  ကရင်ပြည်နယ်သို့ ပေါ်ဆန်း (ဆန်) (၄၀)တန်၊ ကမာကြည်(ဆန်)(၂၇)တန်၊ ဧည့်မထ(ဆန်)(၃၁)တန်၊ စုစုပေါင်း(၉၇)တန်ခန့် စီးထွက်ခဲ့ကြောင်း ပြည်နယ်ဆန်ကုန်သည်အသင်းထံမှ သိရှိရသည်။

   ယခုအချိန်တွင် တောင်သူများလက်ဝယ်တွင်(မိုးစပါး)အဟောင်းများ မရှိတော့ခြင်း၊ သွင်းအားစုများဖြစ်သော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်များ ယခင်နှစ်ထက်ဈေးနှုန်း ထက်ဝက်ခန့် မြင့်တက်လာခြင်း၊ စက်သုံးဆီဈေးနှုန်းများမြင့်တက်လာသည့်အတွက် သယ်ယူခနှုန်းထားများမြင့်တက်လာမှုကြောင့် စပါးဈေးနှုန်း၊ ဆန်ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ကြောင်း သုံးသပ်မိပါသည်။

DOCA(မွန်)