Main menu

ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၏ ၂၀၂၄ ခုနှစ်အတွက် ပထမဆုံး အကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၃-၁-၂၀၂၄ ရက်နေ့၊ (၁၄း၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးစတင်ချိန်တွင် စားသုံးသူရေးရာကော်မတီ၏ ဒုတိယဥက္ကဌ၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ၂၀၂၃ ခုနှစ်အတွင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ၂၀၂၄ ခုနှစ်အတွင်း၌ ဆက်လက်ဆောင်ရွက်မည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လျာထားချက်များ၊ သက်ဆိုင်ရာဌာနများထံသို့ လွှဲပြောင်းဆောင်ရွက်သင့်သည့် တိုင်ကြားမှုများ၊ အယူခံမှုများ၊ ဖြေရှင်းဆောင်ရွက်ရန်ကျန်ရှိနေသည့် လက်ကျန်တိုင်ကြားမှုများအပေါ် ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ၁၅-၃-၂၀၂၄ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပ ဆောင်ရွက်မည့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အထိမ်းအမှတ်အခမ်းအနားအား ကျင်းပ ဆောင်ရွက်သွားမည့် အခြေအနေများကို အမှာစာများဖြင့် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။

          ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ­စား­­­­­­­­­­­­­­­­­သုံးသူရေးရာကော်မတီ၏ အဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးများက အမှာစာများ နှင့်ပတ်သက်၍ ဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြပြီး “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အထိမ်းအမှတ် အခမ်းအနားတွင် စားသုံးသူများအား အသိပညာပေးပြခန်းများပါ တွဲဖက်ဖွင့်လှစ် နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးမှုများ  ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။   

DOCA(ရန်ကုန်)