Main menu

ကျိုက်ထိုမြို့နယ်ရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်များတွင် စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ၂၄.၁.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ကျိုက်ထိုမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်ရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်များတွင် ရောင်းချနေသော  စားသုံးဆီများအား ကုန်အညွန်းအမှတ်အသားပြည့်စုံမှန်ကန်မှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကျိုက်ထိုမြို့ပေါ်ရှိ စတိုးဆိုင်၊ ကုန်စုံဆိုင် စုစုပေါင်း (၅) ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့သည်။ အဆိုပါဆိုင်များတွင် ရောင်းချနေသော စားသုံးဆီဗူးများပေါ်တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများမှာ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ၊ အခန်း (၁၈) တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့်  ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း တွေ့ရှိရသည်။

   ဆိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)