Main menu

တောင်ငူမြို့တွင် ပေါ်ဆန်းဆန်သစ်များပေါ်လာ၍ မတ်ပဲဈေးနှုန်းအနည်းငယ်မြင့်တက်

Powered by Drupal

     တောင်ငူမြို့တွင် ပေါ်ဆန်းဆန်သစ်များဝင်ရောက်လာပြီဖြစ်ရာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်၊ ဒေသပေါ်ဆန်းမှာ တစ်အိတ်လျှင်   ၁၁၅၀၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချနေပါသည်။

       ဧည့်မထဆန်မှာ တစ်အိတ်လျှင် ၈၇၀၀၀ကျပ်မှ ၉၀၀၀၀ကျပ်၊ စပါးမှာ တင်း၁၀၀လျှင် ၂၄၀၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ဆန်ကွဲကြီးမှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၅၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇန်နဝါရီလ နောက်ဆုံးပတ်တွင် တစ်အိတ်လျှင် ၅၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပြီး ဆန်ကွဲသေးမှာ တစ်အိတ်လျှင် ၄၇၀၀၀ကျပ်၊ ဖွဲနုတစ်အိတ်လျှင် ၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      မတ်ပဲ ၃၀ပိဿာဝင်အိတ်မှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၁၄၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇန်နဝါရီလ နောက်ဆုံးပတ်တွင် တစ်အိတ်လျှင် ၁၅၁၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တတက်လာခဲ့ပါသည်။ ပဲတီစိမ်းမှာ တစ်အိတ်လျှင် ၁၁၃၀၀၀ကျပ်၊ ပဲလွန်းဖြူမှာ တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)