Main menu

ညောင်လေးပင်မြို့နယ်အတွင်းရှိ စားသောက်ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ စံဖဲကျေးရွာ၊ ပြွန်တန်ဆာမြို့၊ ဘိုင်းဒါးကျေးရွာတို့၌ စားသောက်ကုန်လုပ်ငန်းဖြစ်သော အာလူးကြော်လုပ်ငန်း၊ ဂျုံချောင်းလုပ်ငန်းတို့လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်များနှင့် (၂၄--၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

     ထိုသို့ စားသောက်ကုန်လုပ်ငန်းရှင်များနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်တာဝန်ခံတို့တွေ့ဆုံဆွေးနွေးရာတွင် မိမိတို့လုပ်ငန်းမှထုတ်လုပ်သော အစားအသောက်များနှင့်စပ်လျဉ်း၍ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်၊ FDA ၏ထောက်ခံချက်ရရှိအောင်ဆောင်ရွက်နိုင်ရန်နှင့် အသေးစား၊ အလတ်စား၊ စက်မှုလက်မှုလုပ်ငန်းလိုင်စင်ရရှိရေးဆောင်ရွက်ရန်၊ မိမိတို့လုပ်ငန်းတွင် အသုံးပြုရန်လျှောက်ထားသော စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို စားသောက်ကုန်လုပ်ငန်းတွင် အမှန်တကယ်သုံးစွဲမှုရှိ/မရှိစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရရှိရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)