Main menu

ကျောက်တံခါးမြို့၊ စည်ပင်သာယာဈေးတွင် ဈေးကွက်စောင်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ (၂၃-၁-၂၀၂၄) ရက်နေ့ ၊ နံနက်ပိုင်းအချိန်၌ ကျောက်တံခါးမြို့၊ စည်ပင်သာယာဈေးတွင် ရောင်းချနေသော  စားသုံးဆီအမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါရှိခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်တံခါး (စည်ပင်သာယာ)ဈေးအတွင်းရောင်းချနေသော စားသုံးဆီများ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိသည်ကိုတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)