Main menu

ဝါးအသုံးပြု စိုက်ပျိုးရေးလုပ်ငန်သုံး ပဲသယ်ခြင်းများ ရောင်းအားကောင်း

Powered by Drupal

     နတ်တလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဇီးကုန်းမြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်သည် (၂၄-၁-၂၀၂၄) ရက်နေ့တွင် ဇီးကုန်းမြို့နယ်၊ ကံကလေးအုပ်စု၊ တောမြိုင်စွန်းကျေးရွာမှ ပဲသယ်ခြင်းများ ယက်လုပ်ရောင်းချနေသူ ဦးစိန်မြင့်ထံ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          ထိုသို့တွေ့ဆုံမေးမြန်းရာတွင် ပဲသယ်ခြင်းရက်လုပ်ရန်အတွက် ကျသောင်းဝါးကိုအသုံးပြုကြပြီး ခြင်းတစ်လုံးရရှိရန်အတွက် ဝါးတစ်လုံးကိုသာအသုံးပြုရပါသည်။ ကျသောင်းဝါးတစ်လုံးကို သယ်ယူစရိတ်အပါအဝင် (၃၅၀၀)ကျပ်ပေးရကြောင်း၊ ယက်လုပ်ပြီးသော ပဲသယ်ခြင်းတစ်လုံးကို လက်လီ (၆၀၀၀) ကျပ်နှင့် လက်ကားဖောက်သည်ဈေး (၄၅၀၀-၅၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်းသိရပါသည်။ ပဲသယ်ခြင်းများကို လေးထောင့်ကွက်နှင့် အဝိုင်းကွက် စသည်ဖြင့် ၂မျိုးရက်လုပ်၍ သုံးစွဲသူအကြိုက်   ခိုင်မာစွာရက်လုပ်ရောင်းချလျက်ရှိပါသည်။ ခြင်းတစ်လုံးလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်အမြတ်အစွန်းရရှိ၍ တစ်ရက်လျှင် လူတစ်ဦးအနေဖြင့်  ခြင်း(၁၀)လုံးရက်လုပ်ပြီးစီးကြောင်းသိရပြီး ပဲသယ်ခြင်း (ခ) ဒေသကြက်အုပ်ခြင်းကို ရက်လုပ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေများရရှိပြီး ယခုပဲရိတ်သိမ်းကာလများ၌ ပဲသယ်ခြင်းများ ရောင်းအားကောင်းလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)