Main menu

နတ်တလင်းမြိုနယ်ဈေးကွက်အတွင်းသို့ ရွှေတောင်ခရမ်းချဉ်သီးများဝင်ရောက်

Powered by Drupal

    နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ခရမ်းချဉ်သီးစိုက်ပျိုးမှုနည်းခြင်းကြောင့် ခရမ်းချဉ်သီးအများအပြားစိုက်ပျိုးရာ ဒေသများမှ တင်သွင်းမှုများပြုလုပ်ရပါသည်။ ယခုအခါ  ရွှေတောင်ဒေသမှထွက်ရှိသော ခရမ်းချဉ်သီးများ နတ်တလင်းမြို့နယ်၊ ဈေးကွက်အတွင်း ဒီဇင်ဘာလမှစတင်ဝင်ရောက်လျက်ရှိရာ ယခု၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်တွင် (၂၆ပိဿာ/ ၂၈ပိဿာ)ဝင် ဝါးပုတ်ခြင်းဖြင့် တစ်ရက်လျှင် (၁၀) ခြင်းခန့်၊ ပိဿာချိန်အားဖြင် ( ၂၆၀ )ခန့်ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်း ရွှေတောင်ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ရွှေတောင်ခရမ်းချဉ် (ကိုင်း)သီးတစ်ပိဿာလျှင် (၁၅၀၀)ကျပ်၊ ဒေသထွက်ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၃၀၀) ကျပ်ဖြင့်ရောင်းချနေကာ ယခုဆောင်းရာသီ၌ စားသုံးသူများအနေဖြင့် ခရမ်းချဉ်သီးကို ပိုမိုဝယ်ယူစားသုံးခြင်းကြောင့် ဈေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)