Main menu

မင်းလှမြို့၏ ကြက်သွန်နီဈေးကွက်အခြေအနေ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့ဈေးကွက်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းအခြေအနေများမှာ ဒီဇင်ဘာလ တတိယပတ်တွင် အသေးတစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ အလတ်တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ အကြီးတစ်ပိဿာလျှင် (၄၅၀၀) ကျပ်အထိရှိခဲ့ပါသည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် ကြက်သွန်နီအသစ်များထွက်ပေါ်လာပြီဖြစ်သဖြင့် အကြီးတစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ အလတ်တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ အသေးတစ်ပိဿာလျှင် (၂၅၀၀)ကျပ်ရှိခဲ့ပါသည်။ ကြက်သွန်နီအဟောင်းအကြီးတစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ အလတ်တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ရှိနေခဲ့ပါသည်။ ကြက်သွန်နီတစ်အိတ်လျှင် (၂၅) ပိဿာ (သို့မဟုတ်) (၃၀) ပိဿာပါရှိသော အိတ်များဖြင့် ဘုရင့်နောင်ပွဲရုံမှ မင်းလှမြို့ဈေးကွက်အတွင်းရှိ ကုန်မျိုးစုံဈေးဆိုင်များသို့ ကုန်ချိန် (၄၀၀၀)ပိဿာမှ (၇၀၀၀) ပိဿာခန့်အတွင်း ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)