Main menu

တောင်ငူခရိုင်ဦးစီးမှူးသည် တောင်ငူမြို့မှ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၂၃ရက်နေ့၊ နေ့လယ်ပိုင်းအချိန်တွင်  ခရိုင်ဦးစီးမှူးရုံး၌ တောင်ငူမြို့ရှိ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ပါသည်။

      ဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများသို့ သက်သောသောနှုန်းထားဖြင့် ဆန်နှင့် စားသုံးဆီများကိုရောင်းချပေးရန် လမ်းညွှန်ထားကြောင်း၊ ယခုလဆန်းမှစ၍ အပတ်စဉ် အင်္ဂါနေ့တိုင်း ရောင်းချပေးလျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ ဆန်များကို သင့်လျော်သောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရန် ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း ပဏာမရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆန်စက်လုပ်ငန်းရှင်များနှင့် သက်သာနှုန်းထားဖြင့် ဆန်များရောင်းချနိုင်ရေးကို ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

      တွေ့ဆုံဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး၊ ဆန်စပါးဒေသကော်မတီ ၂ (တောင်ငူခရိုင်) ဥက္ကဋ္ဌ၊ ပြည်သူ့မေတ္တာဆန်စက်လုပ်ငန်းရှင် ဦးကျော်စိုးမိုးနှင့် ဆန်စက်လုပ်ငန်းရှင် ၉ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)