Main menu

တောင်ငူမြို့နယ်၊ ကျေးတောကျေးရွာ၏ နွေစပါးစိုက်ပျိုးရေး

Powered by Drupal

     တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ ကျေးတောကျေးရွာမှ တောင်သူလယ်မားကြီးများသည် မိုးစပါးရိတ်သိမ်းပြီးစီး၍ နွေစပါးစိုက်ပျိုးရန် မြေပြုပြင်နေကြပြီဖြစ်ပါသည်။ နွေစပါးစိုက်ပျိုးရာတွင် ဆည်ရေကိုအသုံးပြုရပါသည်။ ခပေါင်းဆည်မှ နွေစပါးစိုက်ပျိုးရန် ရေလွှတ်ပေးနေပါသည်။

     မြေပြုပြင်ရာတွင် ထယ်ထိုးခြင်းကို ဆောင်ရွက်ရသည်ဖြစ်ရာ ယခင်နှစ်၌ တစ်ဧကလျှင် ၄၅၀၀၀ကျပ်သာရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်ဧကလျှင် ၆၅၀၀၀ကျပ်ပေးရပါသည်။ မျိုးစပါး ဈေးနှုန်းမှာ စပါးတစ်တင်းလျှင် ၃၀၀၀၀ကျပ်မှ ၃၅၀၀၀ကျပ်အထိရှိပါသည်။

     မျိုးစပါးမှာ တစ်ဧကလျှင် ၂ တင်းခန့်ပျိုးထောင်ရပါသည်။ လယ်သမားတချို့မှာ ကြဲခင်းစိုက်ပျိုးပြီး တချို့မှာမူ စနစ်တကျကြိုးတန်းစိုက်ပျိုးကြပါသည်။ စနစ်တကျကြိုးတန်းဆွဲစိုက်ပျိုးခြင်းမှာ ကုန်ကျစရိတ်ပိုမိုသော်လည်း အထွက်နှုန်းကောင်းကြောင်း စပါးစိုက်တောင်သူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)