Main menu

တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် မုန်လာဥများလှိုင်လှိုင်ပေါ်

Powered by Drupal

     ညောင်ပင်ဈေး၌ နံနက်စောစောအချိန်တွင် ဒေသအနီးတစ်ဝိုက်မှ လာရောက်ရောင်းချသော ဟင်းသီးဟင်းရွက်အသည်များထံမှ ဝယ်ယူပါက ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာဝယ်ယူရရှိနိုင်ပါသည်။         

   ယခုအခါတွင် မုန်လာဥများလှိုင်လှိုင်ပေါ်လာပြီဖြစ်သဖြင့် မုန်လာဥကို ဈေးနှုန်းချိုသာစွာဝယ်ယူရရှိနိုင်ပါသည်။ မုန်လာဥကို ချဉ်ရည်ဟင်းအဖြစ် ချက်ပြုတ်နိုင်သည့်အပြင် အလုံးကြီးမားသော မုန်လာဥများကိုခြစ်၍ မုန်လာဥသုပ်အဖြစ်လည်း စားသုံးနိုင်ပါသည်။

     မုန်လာဥအရွယ်အစားကြီးမားသော အလုံး (၅) လုံးပါ မုန်လာဥတစ်တွဲလျှင် (၅၀၀) ကျပ်ဖြင့်ရောင်းချပေးလျက်ရှိကြောင်း၊ ရာသီပေါ်ဖြစ်ပြီး ဈေးနှုန်းလည်းချိုသာသဖြင့် ရောင်းအား ကောင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)