Main menu

အရောင်းသွက်နေသော ဆီးကြက်တူရွေးဆီးသီး

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့မှ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ရွှေစက်တော်ဘုရားသို့သွားသော လမ်းမဘေးတွင် လေးပင်ဆီးသီးကဲ့သို့ထွက်ရှိသော ဇီးကြက်တူရွေးဆီးသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဇီးကြက်တူရွေးဆီးသီးသည် စလေဆီးသီးထက်ပို၍စားကောင်းပြီး အသားများကာ အစေ့မပါသောဆီးသီးဖြစ်ပါသည်။ အစိမ်းလုံးမှ မှည့်သွားသည်အထိ ပျော့မသွားဘဲ အကြွပ်သီးဖြစ်ကာ အလွန်ချိုသောအသီးဖြစ်ပါသည်။ အထားခံသောအသီးဖြစ်သောကြောင့် နိုင်ငံခြားအထိပို့ရသော အသီးဖြစ်ကြောင်းလည်းသိရပါသည်။
ဇီးကြက်တူရွေးမှာ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိထွက်ရှိကြောင်းသိရှိရပါသည်။ ပြည်မြို့ အတွင်းရှိ Order စနစ်ဖြင့် Online Shopping ရောင်းချသူများ လက်မလည်အောင်ရောင်းချနေသော အသီးဖြစ်ပါသည်။ ဇီးကြက်တူရွေးဆီးသီးကို လေးပင်ဆီးသီးကဲ့သို့ ပြည်ရာနှင့်ချီ၍ ရောင်းချနေကြောင်းလည်းသိရှိရပါသည်။ ဈေးနှုန်းများအနေဖြင့် ဇီးကြက်တူရွေးဆီးသီးတစ်ပြည်လျှင် ၄၂၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)