Main menu

ပေါက်ခေါင်းမြို့နယ်၏ ဝါစိုက်ပျိုးထုတ်လုပ်ရောင်းချမှုအခြေအနေ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ (၂၀၂၃-၂၀၂၄) ခုနှစ်တွင် ဝါစိုက်ပျိုးမှုလျာထားချက်အနေဖြင့် ဝါကြီးစိုက်ဧကမှာ (၇၅၀)ဧက၊ ချည်မျှင်ရှည်ဝါစိုက်ဧကမှာ (၆၇၅၀) ဧကစိုက်ပျိုးရန်လျာထားခဲ့ပါသည်။ သို့သော် ပေါက်ခေါင်းမြို့နယ်အနေဖြင့် ဝါကြီး (၁၈၀၄)ဧကနှင့် ချည်မျှင်ရှည်ဝါ (၅၈၃၆) ဧကသာစိုက်ပျိုးနိုင်ခဲ့ပါသည်။ စိုက်ပျိုးသောဝါမျိုးများမှာ ရွှေတောင် (၈/၁၀)မျိုး၊ ရာကာ (၆၆၆)မျိုး၊ ငွေချည် (၆/၉)မျိုးတို့ဖြစ်ကြောင်းသိရပါသည်။ ဝါစိုက်ပျိုးချိန်များမှာ မိုးကြိုရာသီတွင် ဖေဖော်ဝါရီလနှင့်မတ်လ၊ မိုးရာသီတွင် မေလနှင့်ဇွန်လ၊ မိုးနှောင်းရာသီတွင် ဇူလိုင်လနှင့်ဩဂုတ်လတို့တွင် စိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် ထွက်ရှိသောဝါမှာ မိုးနှောင်း/ ဆောင်းရာသီတွင်စိုက်ပျိုးသော ဝါဖြစ်ပါသည်။ ဝါတစ်ဧကလျှင် အထွက်နှုန်းအနေဖြင့် (၇၂၀) ပိဿာကျော်ထွက်ရှိကြောင်းသိရပြီး ယခုနှစ်ဝါထွက်ပေါ်ချိန်တွင် အခါလွန်မိုးကြောင့် အထွက်နှုန်းအနည်းငယ်ကျဆင်းလာကြောင်းသိရပါသည်။ ဝါဈေးနှုန်းအနေဖြင့် ဝါသီးနှံပေါ်ချိန်တွင် တစ်ပိဿာလျှင် (၃၅၀၀)ကျပ်ဈေးနှုန်းရှိခဲ့ပြီး ယခုအချိန်တွင် ဝါတစ်ပိဿာလျှင် (၃၃၀၀)ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ယခင်နှစ်တွင် ဝါတစ်ပိဿာလျှင် (၂၃၀၀)ကျပ်ဈေးနှုန်းရှိခဲ့၍ ယခုနှစ်တွင် ဝါသီးနှံဈေးနှုန်းမြင့်တက်လာကြောင်းသိရပါသည်။ ပေါက်ခေါင်းမြို့နယ်မှထွက်ရှိသော လာသောဝါများကို မြို့ပေါ်ရှိဝါစက်များနှင့် ဝါဒိုင်များသို့ သွားရောက်ရောင်းချကြောင်းသိရပါသည်။

     ဝါစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် အထွက်နှုန်းလျော့နည်းခဲ့သော်လည်း ဈေးနှုန်းကောင်းသဖြင့် အကျိုးအမြတ်လည်းရရှိခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)