Main menu

ပေါက်ခေါင်းမြို့၏ တိုင်ထောင်ပဲ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တိုင်ထောင်ပဲများစိုက်ပျိုးထားရှိရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၂-၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သဖန်းချိုအုပ်စု၊ သဖန်းချိုကျေးရွာသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးလေ့လာခဲ့ကြပါသည်။

     အဆိုပါတိုင်ထောင်ပဲစိုက်ပျိုးသူ တောင်သူဦးမောင်စောမှာ ၎င်းအနေဖြင့် တိုင်ထောင်ပဲ (၀.၂၅)ဧကကို တစ်ယောက်စိုက်စိုက်ပျိုးထားရှိပြီး မျိုးစေ့ချစိုက်ပျိုးထားကြောင်း၊ ယခုအချိန်တွင် တိုင်ထောင်ပဲများထွက်ပေါ်လာ၍ ဈေးကွက်သို့ သွားရောက်ရောင်းချမှုလည်းရှိပြီး စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူသူများလည်းရှိကြောင်း၊ တိုင်ထောင်ပဲ (၀.၂၅)ဧကတွင် စုစုပေါင်း ကုန်ကျစရိတ်မှာ မျိုးစေ့၊ တိုင်ဖိုး၊ ဆေးဖိုး၊ ခူးဆွတ်ခအပါအဝင် (၂၈၆၀၀၀)ကျပ်ခန့်ကုန်ကျကြောင်းသိရပါသည်။ တိုင်ထောင်ပဲထွက်ပေါ်ချိန်တွင် (၀.၂၅)ဧက တစ်ယောက်စိုက်ကို (၄၇၅၀၀)တောင့်ထွက်ရှိပြီး ရောင်းဈေးမှာ တစ်ထောင့်လျှင် (၁၅)ကျပ်နှုန်းဖြင့်ရောင်းချရ၍ ဝင်ငွေအနေဖြင့်  (၇၁၂၅၀၀)ကျပ်ရရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် တိုင်ထောင်ပဲရာသီချိန်တွင် တောင်သူ၏အကျိုးအမြတ်မှာ (၄၂၆၅၀၀)ကျပ်ခန့်အကျိုးအမြတ်ရရှိသဖြင့် ထပ်မံတိုးချဲ့စိုက်ပျိုးလျှင် ဒီထက်မက ဝင်ငွေများရရှိနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)