Main menu

ကျိုက်လတ်မြို့နယ်ရှိ ဦးမြင့်စိန်ငါးရံ့ခြောက်ဖုတ်လုပ်ငန်းအား SMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

    ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဦးမြင့်စိန်ငါးရံ့ခြောက်ဖုတ်လုပ်ငန်းသို့သွားရောက်၍ SMEs ဖွံ့ဖြိုးတိုးတက်ရေး  ကွင်းဆင်းစိစစ်မှုများဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစိစစ်ရာတွင် လုပ်ငန်းရှင်က ကုန်ကြမ်းဝယ်ယူရာတွင် ယခင်ကဲ့သို့ မြို့ပေါ်၌ အထိုင်ဖြင့်ဝယ်ယူ၍မရကြောင်း၊ ကျေးရွာများရှိ အင်းချောင်းများသို့ဆင်း၍ ဝယ်ယူရကြောင်း၊ ထိုသို့ဝယ်ယူမှသာ မိမိထုတ်လုပ်ရေးလုပ်ငန်းအတွက် တစ်နှစ်စာကုန်ကြမ်းများသာရရှိမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းဈေးနှုန်းများလည်းအနည်းငယ်မြင့်တက်လာပြီး ကုန်ချောဈေးနှုန်းမှာလည်း မြင့်တက်လာသောကြောင့် ယခင်နှစ်များကဲ့သို့ ရောင်းအားမကောင်းကြောင်း လုပ်ငန်းရှင်ကဖြေကြားခဲ့ပါသည်။

     ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်များကို လျှော့နိုင်သမျှ လျှော့နိုင်အောင် ကြိုးစားထုတ်လုပ်နိုင်ရေးနှင့် တွက်ချေကိုက်သော  လုပ်ငန်းများဖြစ်စေရေး  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိစေရေးနှင့် မိမိတို့ဌာနအနေဖြင့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)