Main menu

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးနိုင်မှုအခြေအနေ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးစားပေးဆောင်ရွက်ရမည့် ကုန်စည်အမျိုးအစားများတွင် ဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိ ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးတို့တွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/မရှိ၊ ကမာရွတ်မြို့နယ် စံရိပ်ငြိမ်(ဂမုန်းပွင့်) နှင့် လှိုင်မြို့နယ် လှိုင်ဈေးကြီးတို့တွင် ရောင်းချနေသော ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းများအား သွားရောက်စစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ရှိမန်နေဂျာများနှင့် ဈေးတာဝန်ခံများအား ထောက်ခံချက်မရှိသော ကုန်ပစ္စည်းများနှင့် အချက်အလက်မပြည့်စုံသော ပစ္စည်းများအား ရောင်းချမှုမရှိစေရန်၊ လူသုံးကုန်နှင့်စားသောက်ကုန်များတွင် ဥပဒေပါပြဌာန်းချက်များနှင့် ကိုက်ညီသောပစ္စည်းများကိုသာ ရောင်းချမှုရှိစေရန် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ သိရှိနားလည်စေရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရန်ကုန်)