Main menu

ရာသီစာ ပခုက္ကူကုလားပဲရွက်ဈေးကွက်

Powered by Drupal

     ကုလားပဲရွက်သည် အေးချမ်းလှသော ဆောင်းရာသီ၌သာ ပေါများစွာရရှိတတ်သည့် အသီးအရွက်တစ်ခုဖြစ်ပြီး ရာသီစာ ဟင်းတစ်ခွက်အနေဖြင့် လူအများစားသုံးကြပါသည်။

   ပခုက္ကူမြို့သို့ ကုလားပဲရွက်များကို မြို့၏ပတ်ဝန်းကျင်ရှိကျေးရွာများမှ အများဆုံးလာရောက်ရောင်းချလျက်ရှိပြီး ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းတွင် တစ်ပိဿာလျှင် ကျပ်(၅၀၀၀) ရှိခဲ့ပြီး လက်လီဈေးအနေဖြင့် (၂၅)ကျပ်သားလျှင် ကျပ်(၁၅၀၀)ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခု ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် တစ်ပိဿာလျှင် ကျပ်(၂၅၀၀)ရှိပြီး လက်လီဈေးနှုန်းအနေဖြင့် (၂၅)ကျပ်သားလျှင် ကျပ်(၇၀၀)ဖြင့် ဈေးနှုန်ူကျဆင်းကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

        ကုလားပဲရွက်ကို ကျေးလက်တောရွာများတွင် ဝယ်ယူစရာမလိုအောင် ပေါများစွာရရှိနိုင်ပြီး ကုလားပဲခင်းများတွင်လည်း အလွယ်တကူဝင်ရောက်ခူးဆွတ်ရရှိကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)