Main menu

ပခုက္ကူခရိုင်တွင် မီးသွေးဈေးနှုန်းများမြင့်တက်နေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်သည် အပူပိုင်းရာသီဥတုရှိပြီး သစ်ပင်ကြီးများ သဘာဝအလျောက်ပေါက်ရောက်လေ့ရှိသော ဒေသတစ်ခုဖြစ်သည်။ သစ်ပင်ကြီးများကိုခုတ်ယူ၍ ထင်းအဖြစ်လည်းကောင်း၊ မီးသွေးဖုတ်၍လည်းကောင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းအများအဖြစ် လုပ်ကိုင်ကြကြောင်းတွေ့ရှိရပါ သည်။

    ပခုက္ကူမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင်  မီးသွေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး ပခုက္ကူမြို့ပေါ်သို့ တက်ရောက်ရောင်းချကြောင်းသိရှိရပါသည်။ ယခုအချိန်တွင် လျှပ်စစ်မီးအခက် အခဲကြောင့် ပိုမိုရောင်းချနေရပြီး ဈေးနှုန်းမှာ ယခင်နှစ် ၂၀၂၃ခုနှစ်၊ ဇွန်လတွင် တစ်အိတ်လျှင် ကျပ်(၄၀၀၀-၄၅၀၀)ခန့်ဖြင့် ထူးခြားစွာ အတက်အကျမရှိဘဲ ဈေးငြိမ်နေသော်လည်း ဇူလိုင်လမှ စတင်ကာ ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ကာ တစ်အိတ်လျှင် ကျပ်(၅၅၀၀-၆၅၀၀)ရှိခဲ့ပြီး ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် တစ်အိတ်လျှင် ကျပ်(၇၀၀၀ - ၈၀၀၀)ဈေးနှုန်းရှိခဲ့ပါသည်။

     ယခုနှစ် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် တစ်အိတ်လျှင် ကျပ်(၈၀၀၀- ၉၅၀၀) ဈေးနှုန်းအထိမြင့်တက်ခဲ့ပြီး တတိယအပတ်တွင် တစ်အိတ်လျှင် ကျပ်(၁၁၀၀၀-၁၃၅၀၀)ထိဈေးနှုန်းမြင့်လာသည်ကိုတွေ့ရှိရပါသည်။ ရောင်းချသူများအနေဖြင့် ယနေ့အချိန်တွင် လျှပ်စစ်မီးပုံမှန်မရှိခြင်းနှင့် သစ်တော၊ သစ်ပင်ရှားပါးလာမှုကြောင့် ဈေးနှုန်းများဆက်လက်မြင့်တက်လာနိုင်ကြောင်း မီးသွေးရောင်းချသူထံမှသိရှိရပါသည်။

DOCA(မကွေး)