Main menu

ဆိပ်ဖြူမြို့၊ ရေလယ်ကျွန်းကျေးရွာရှိ ကုလားပဲခွေထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်တင်မာရီတို့သည် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များလုံးခြုံစိတ်ချရမှုရှိစေရေးအတွက် (၁၅-၁-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ ၊ ရေလယ်ကျွန်းကျေးရွာရှိ ကုလားပဲခွေထုတ်လုပ်ရောင်းချလျက်ရှိသော လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ကုလားပဲခွေထုတ်လုပ်ရောင်းချဖြန့်ဖြူးတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာရေးသားဖော်ပြပြီးမှသာ ရောင်းချသွားရန် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်း၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်ဆည်းမှုအညွှန်းတို့ကို ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့်အချက်များနှင့် တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးအသိပညာပေးပြောကြားခဲ့ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းမရှိသောကုန်စည်များ ဈေးကွက်အတွင်းရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)