Main menu

ဆိပ်ဖြူကုန်စည်ဒိုင်သို့ မိုးကြက်သွန်နီ(သစ်)များဝင်ရောက်မှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ကုန်စည်ဒိုင်သို့ ဇန်နဝါရီလ(၈)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာဒေသများဖြစ်သည့် ဆိပ်ဖြူမြို့အနောက်ပိုင်း/ရွာသစ်ရပ်ကွက်နှင့် ကိုးတောင့်၊ တောင်ငယ်လုံး၊ ရေလယ်ကျွန်း၊ ချင်တောင်၊ အောက်ဆိပ်ကျေးရွာများနှင့် ဆင်ဖြူကျွန်း၊ စလင်းမြို့နယ်အတွင်းရှိကျေးရွာများမှ မိုးကြက်သွန်နီ(အသစ်)များ တစ်ရက်လျှင် ပျမ်းမျှပိဿာ(၆)သောင်း၊ တစ်ပတ်အတွင်း စုစုပေါင်းကုန်ချိန်ပိဿာ(၄)သိန်းခန့်ဝင်ရောက်ခဲ့ပြီး ဆိပ်ဖြူမြို့မှ မိုးကြက်သွန်နီ(အသစ်)များမှာ ကုန်ချိန်(၅)သိန်းခန့် ကုန်စည်စီးဆင်းလျက်ရှိကြောင်း ဈေးကွက်မှသိရှိရပါသည်။

     ကြက်သွန်နီဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မိုးကြက်သွန်နီ (အသစ်) တစ်ပိဿာလျှင် ထိပ်စ အမြင့်ဈေး ကျပ်(၂၃၂၅မှ ၁၈၅၀)၊ အလတ်စ ကျပ်(၁၇၀၀မှ ၁၆၀၀)၊ အသေးစ ကျပ်(၁၅၀၀မှ ၈၀၀)ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်အပတ်၌ အမြင့်ဈေးတစ်ပိဿာလျှင် ထိပ်စ ကျပ်(၂၄၇၅)၊ အလတ်စ ကျပ်(၂၃၀၀) နှင့် အသေးစမှာ ကျပ်(၁၀၀၀)ခန့်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ တစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ပျမ်းမျှအားဖြင့် ကျပ်(၂၀၀)ခန့်ဈေးနှုန်းအသီးသီးကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်(ကုန်စည်ဒိုင်)၊ ပြည်၊ ပုသိမ်၊ မြဝတီမြို့များသို့ ကုန်ချိန်ပိဿာ (၅)သိန်းခန့်၊ တန်ချိန် (၈၁၆)ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)