Main menu

“ကျောက်ဆည်ခရိုင်၏ မိုးစပါးနှင့် ဆန်စျေးကွက်ခြေအနေ”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင်ဆောင်ရွက်သောဒေသဖြစ်ရာ ကျေးလက်နေတောင်သူအများစုသည် မိုးစပါးများကိုသာ အဓိကထား အများဆုံးစိုက်ပျိုးကြပါသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧက(၁၄၃၁၆၈)ဧက စိုက်ပျိုး နိုင်ခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧက (၁၄၄၆၈၆)ဧက စိုက်ပျိုးနိုင်ခဲ့၍ ယခင်နှစ်ကထက်(၁၅၁၈)ဧက ပိုမိုစိုက်ပျိုးထားကြောင်း ၊ ယခုနှစ်တွင် မိုးစပါးပျိုးထောင်ချိန်မှာ ရေပိုမိုရရှိသောကြောင့် မိုးစပါးစိုက်ဧက အနည်းငယ်တိုးမြင့်စိုက်ပျိုးကြကြောင်း သိရှိရပါတယ်။ ယခုအချိန်တွင် မိုးစပါးစိုက်ဧကများ အားလုံးနီးပါး ရိတ်သိမ်းပြီးဖြစ်ရာ (၁)ဧကလျှင် အထွက်နှုန်းအနေဖြင့် (၉၅.၄၇) တင်း၊အထွက်စုစုပေါင်း(၁၃၈၁၃၁၇၂)တင်းထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏စာရင်းများအရသိရှိရပါသည်။ ယခင်နှစ် ဆန်/စပါးစျေးနှုန်းအနေဖြင့် ဧရာပဒေသာစပါး တင်း(၁၀၀)လျှင်(၁၇၀၀၀၀၀)ကျပ် ၊ မနောသုခစပါးတင်း(၁၀၀)လျှင်(၁၃၀၀၀၀၀)ကျပ် စျေးနှုန်းများ ဖြင့်ရောင်းဝယ်လျက်ရှိပြီး ဧရာပဒေသာဆန် တစ်တင်းခွဲအိတ် တစ်အိတ်လျှင် (၆၁၀၀၀)ကျပ် ၊ မနောသုခဆန် တစ်တင်းခွဲအိတ် တစ်အိတ်လျှင်(၅၂၀၀၀)ကျပ် စျေးနှုန်းများရှိခဲ့ပြီး ယခုနှစ်တွင် ဧရာပဒေသာစပါးတင်း(၁၀၀)လျှင် (၃၃၀၀၀၀၀)ကျပ် ၊ မနောသုခစပါး တင်း(၁၀၀)လျှင် (၂၂၀၀၀၀၀) ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊ ဧရာပဒေသာဆန် တစ်တင်းခွဲအိတ် တစ်အိတ်လျှင် (၁၂၅၀၀၀)ကျပ်စျေးနှုန်း၊မနောသုခဆန် တစ်တင်းခွဲအိတ် တစ်အိတ်လျှင် (၈၈၀၀၀)ကျပ်စျေးနှုန်းများ ရရှိသောကြောင့် ယခုနှစ် စပါးစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်ပိုမိုရရှိကြောင်း ၊ ဆန်/စပါးစျေးကွက်အနေဖြင့် မန္တလေး၊မြင်းခြံ၊နွားထိုးကြီးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဆန်/စပါး ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)