Main menu

ပခုက္ကူမြို့ပေါ်ရှိ Royal King Land စီးကရက်လုပ်ငန်းအား စက်မှုမှတ်ပုံတင်သက်တမ်းတိုးမြှင့်ရန်အတွက် ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်သည် (၁၇-၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁) ရပ်ကွက်၊ ဗုဒ္ဓကုန်းရပ်၊ ပခုက္ကူ-ရေစကြိုလမ်း ရှိ Royal King Land Manufacturing & Distribution Co.,Ltd စီးကရက်လုပ်ငန်း အမှတ်(၃)ရှိ စီးကရက်စက်ရုံအား စက်မှုမှတ်ပုံတင် သက်တမ်းတိုးမြှင့်ရန်အတွက် သက်ဆိုင်ရာဌာန(၇)ခုနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

      ကွင်းဆင်းစစ်ဆေးသည့်အဖွဲ့များမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန စသည့်ဌာန(၇)ခုဖြင့်စစ်ဆေးခဲ့ကြောင်း၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ကြပြီး ကျန်ဌာနများသည် အဖွဲ့ဝင်အဖြစ် ဖွဲ့စည်းထားကြောင်း၊ စက်မှုမှတ်ပုံတင်မှာ (၁)နှစ်လျှင် (၁)ကြိမ်သက်တမ်းတိုးရာတွင် လိုအပ်သည့်အချက်အလက်များကိုစစ်ဆေးရန် သက်ဆိုင်ရာဌာနများဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းတွေ့ရှိရပါသည်။

      စစ်ဆေးတွေ့ရှိချက်အရ စက်ရုံအနေဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ထံမှ (၅)နှစ် (၁)ကြိမ် စာချုပ်ဖြင့် ငှားရမ်းထားကြောင်း၊ Boiler (၁)လုံးအား သက်တမ်းကြာရှည်စွာအသုံးပြုနိုင်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းနိုင်ရေးအတွက် နှစ်စဉ်သက်တမ်းတိုးစစ်ဆေးမှုခံယူခြင်းဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် စက်ရုံအတွင်းရှိ ထရန်စဖော်မာနှင့် လျှပ်စစ်ပစ္စည်းများကို (၁)နှစ်(၁)ကြိမ်အစစ်ဆေးခံလျက်ရှိကြောင်း၊ စက်ရုံမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများ (စက္ကူ/နံကာ၊ ပလတ်စတစ်များ)အား ပြင်ပသို့ စနစ်တကျရောင်းချကြောင်း၊ Boiler  မှာလည်း FO ဆီအသုံးပြုခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။

    စက်ရုံတာဝန်ခံက စီးကရက်လုပ်ငန်း၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းခဲ့ပြီးနောက် စစ်ဆေးသည့်အဖွဲ့စုံသည် ကုန်ထုတ်လုပ်မှုအပြည့်အဝလည်ပတ်နိုင်ပါက လေဝင်/ လေထွက်ကောင်းစေရန် လေအေးပေးစနစ်များကို အမြဲအသုံးပြုသင့်ကြောင်း၊ စက်လည်ပတ်နေစဉ် ဝန်ထမ်းများ၏ကျန်းမာရေးအတွက် နှာခေါင်းစည်း၊ ခေါင်းစည်းနှင့် Apron များအမြဲဝတ်ဆင်ပြီးမှသာ လည်ပတ်သင့်ကြောင်း၊ ဒေသခံများအနေဖြင့် စက်ရုံစဉ်ဆက်မပြတ်လည်ပတ်နိုင်လျှင် ဝင်ငွေပိုရရှိ၍ အဆင်ပြေနိုင်ကြောင်း အကြံပြုခဲ့မှုကိုသိရှိရပါသည်။

DOCA(မကွေး)