Main menu

“ကြက်သွန်မျိုးစေ့ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်သီးနှံကို မြစ်သားမြို့နယ်တွင် အများဆုံးစိုက်ပျိုးလျက် ရှိပါသည်။ ကြက်သွန်သီးနှံစိုက်ပျိုးရန်အတွက် မျိုးစေ့ကို တောင်သူများမှ မျိုးစေ့ထုတ်ကြက်သွန်များကို သီးသန့်စိုက်ပျိုးကြပါသည်။ ကြက်သွန်မျိုးစေ့ထုတ်(၁)ဧက စိုက်ပျိုးရန်အတွက် မျိုးကောင်းမျိုးသန့် ဥချောမျိုးပိဿာ(၆၀၀)ခန့်စိုက်ပျိုးရကြောင်း၊ ယခင်နှစ် မျိုးစိုက်ပျိုးချိန်တွင်(၁)ပိဿာလျှင် (၂၀၀၀) ကျပ် စျေးနှုန်းသာရှိကြောင်း ၊ ယခုနှစ်တွင် မျိုးဥ(၁)ပိဿာလျှင်(၄၀၀၀)ကျပ် စျေးနှုန်းအထိ ဝယ်ယူစိုက်ပျိုးရကြောင်း၊ကြက်သွန်မျိုး စိုက်ပျိုးမှုအနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း (၁၅၀၀၀၀၀-၂၀၀၀၀၀၀)ကျပ် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး(၄)လကြာလျှင် မျိုးစေ့များ အောင်မြင်ဖြစ်ထွန်းပြီဖြစ်ကြောင်း ၊ ယခုနှစ် ကြက်သွန်မျိုးစေ့များကို ဧပြီလ သင်္ကြန်မတိုင်မီ ရိတ်သိမ်းရမှာဖြစ်ကြောင်း၊မျိုးစျေးနှုန်းအနေဖြင့် ယခင်နှစ်ပေါ်ချိန်တွင် (၁)ပြည်လျှင် (၁၁၀၀၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုနှစ် ကြက်သွန်စိုက်ပျိုးချိန်တွင် မျိုးစေ့ (၁)ပြည်လျှင် (၁၅၀၀၀၀)ကျပ်ဖြင့် ဝယ်ယူပျိုးထောင်စိုက်ပျိုးရကြောင်း၊(၁)ဧက အထွက်နှုန်း အနေဖြင့် မျိုးစေ့(၇-၈)တင်းအထိ ထွက်ရှိကြောင်း၊ ထွက်ရှိလာသော မျိုးစေ့များကို မိမိဒေသရှိ တောင်သူများမှ လာရောက်ဝယ်ယူသူများရှိသလို ပွဲစားများမှလည်း လာရောက်ဝယ်ယူ၍ ပြန်လည်ရောင်းချကြကြောင်း ၊ မျိုးစေ့ဝယ်ယူမှုတွင် မျိုးစေ့ထုတ် တောင်သူအပေါ် ယုံကြည်ချက်ဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်း၊ မျိုးစေ့ထုတ်စိုက်ပျိုးသူနည်းပါသဖြင့် ယုံကြည်မှုဖြင့် အများဆုံးဝယ်ယူစိုက်ပျိုးကြကြောင်း ကြက်သွန်နီမျိုးစေ့စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)