Main menu

ကလေးဝမြို့နယ်၊ အမှတ်-၁ရပ်ကွက်ရှိ (လခွဲ-၁ ) ကျောင်းနှင့် ဖောင်းပြင်မြို့နယ် အင်ကြင်းမြိုင်ရပ်ကွက်ရှိ(အမှတ်-၃ ) ကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောခြင်း

Powered by Drupal

   ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ( ၁၉ ) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလေးဝမြို့နယ် တာဝန်ခံဦးကျော်ကျော်မိုး (လ/ထကြီးကြပ်ရေးမှူး )နှင့် ဖောင်းပြင်မြို့နယ်တာဝန်ခံ ဦးကျော်သန်းစိန် (ဒု- ဦးစီးမှူး)တို့သည် အမှတ်-၁ ရပ်ကွက်ရှိ (အလကခွဲ - ၁ ) ကျောင်းမှ  ဆရာ/မ (၁၄)ဦး၊ ကျောင်းသား/သူ (၃၂၄)ဦး၊  ပေါင်း(၃၃၈)နှင့် ဖောင်းပြင်မြို့၊ အင်ကြင်းမြိုင်ရပ်ကွက်ရှိ(အမှတ်- ၃) ကျောင်းမှ ဆရာ/မ( ၅ )ဦး ကျောင်းသား/သူ ( ၃၀ ) ဦး၊ ပေါင်း                 ( ၃၅ ) ဦး စုစုပေါင်း (၃၇၃)ဦးတို့အား အသိပညာပေးဟောပြောခဲ့ပါသည်။

    အဆိုပါဟောပြောပွဲ၌ ကလေးဝမြို့နယ်၊ အမှတ်-၁ ရပ်ကွက် ( အလကခွဲ-၁ ) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တာတာဝင်းနှင့် ဖောင်းပြင်မြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်ရှိ( အမှတ်-၃) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးရီတို့မှ အဖွင့်အမှာစကားပြောကြားပြီး ကလေးဝမြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုး(လ/ထကြီးကြပ်ရေးမှူး)က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့ မှာ ပြဌာန်းခဲ့ပြီး အခန်းပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ပြဌာန်းထားကြောင်း၊ စားသုံးသူအခွင့် အရေး(၈)ချက်၊ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့် တာဝန်(၄)ချက် အကြောင်းရှင်းလင်း ဆွေးနွေးခဲ့ပြီး၊ ဖောင်းပြင်မြို့နယ်တာဝန်ခံ ဦးကျော်သန်းစိန် (ဒု- ဦးစီးမှူး)က စားသုံးသူအကာကွယ်ပေးရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များကို ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက်အသုံး ပြုတတ်ရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း ၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် မိမိတို့ စားသုံးသူရေးရာဦးစီးဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) တွင်လည်းကောင်း ၊ စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page တွင်လည်းကောင်း ၊  ဦးစီးဌာန Website  ဖြစ်တဲ့ www. doca.gov. mm တွင်လည်းကောင်း ၊ MPT , mytel ,  Telenor ,  Oredoo   SIM Card User များအားလုံး Call Center No. 1535 တို့တွင် ပြေစာအထောက်အထား အပြည့်အစုံဖြင့် တိုင်ကြားနိုင်ပါကြောင်းနှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)