Main menu

အင်္ဂပူမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် အင်္ဂပူမြို့နယ် သဘော့ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူ ၃၁၇ ဦး အား (၁၈.၁.၂၀၂၄)နေ့၊ နေ့လယ် (၁၃:၃၀)နာရီတွင်  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း များကို ဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့်ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါ သည်။ဟောပြောပွဲအပြီးတွင် မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များ နှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသောမုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)