Main menu

မကွေးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကန်သာကျောင်း၌ အသိပညာပေးဆွေးနွေးပွဲကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနသည် ကျောင်းသား/ ကျောင်းသူများ၊ ကျေးလက်နှင့် မြို့ပြနေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူအခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များသိရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များကိုလည်းသိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်နှင့် ကုန်စည်များ ရွေးချယ်ဝယ်ယူစားသုံးအသုံးပြုနိုင်စေရန် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

 စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မကွေး/ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်းများသည် (၁၈-၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်မှ နေ့လယ်(၁၅:၀၀)နာရီအချိန်ထိ မကွေးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကန်သာကျောင်း၌ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အခြေခံ ကျောင်းသား/ ကျောင်းသူများသိသင့်သော စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ စားသုံးသူကာကွယ်ရေး၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူများ၏အခွင့်အရေး (၈)ချက်၊ လိုက်နာရမည့်တာဝန်(၄)ချက်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေါ်ခင်စုစုမွန် (ဒုတိယဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။

     အဆိုပါအသိပညာပေးရှင်းလင်းဆွေးနွေးပွဲသို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကန်သာကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မြတ်ခိုင်နှင့် ဆရာ/ဆရာမ(၃၆)ဦး၊ ကျောင်းသား/ ကျောင်းသူ (၉၉၄)ဦးတို့တက်ရောက်ခဲ့ကြပြီး ဌာနအနေဖြင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)