Main menu

မကွေးမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ရန်အောင်ကျောင်း၌ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာနသည် ကျောင်းသား/ ကျောင်းသူများ၊ ကျေးလက်နှင့် မြို့ပြနေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူအခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များကိုသိရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များကိုလည်းသိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်နှင့် ကုန်စည်များရွေးချယ်ဝယ်ယူစားသုံးအသုံးပြုနိုင်စေရန် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)နှင့်ဝန်ထမ်းများသည် (၁၇-၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်မှ နေ့လယ်(၁၄:၃၀)နာရီအချိန်ထိ မကွေးမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ရန်အောင်ကျောင်း၌ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အခြေခံကျောင်းသား/ ကျောင်းသူများသိသင့်သော စားသုံးသူ/ စီးပွားရေးလုပ်ငန်းရှင်/ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူများ၏အခွင့်အရေး(၈)ချက်၊ လိုက်နာရမည့်တာဝန်(၄)ချက်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆက်လက်၍ ဒေါ်ခင်စုစုမွန် (ဒုတိယဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

  အဆိုပါအသိပညာပေးရှင်းလင်းဆွေးနွေးပွဲသို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ရန်အောင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမြစိုးနှင့် ဆရာ/ဆရာမ(၁၇)ဦး၊ ကျောင်းသား/ ကျောင်းသူ(၃၄၀)ဦးတို့တက်ရောက်ခဲ့ကြပြီး ၎င်းတို့အား ဌာနကထုတ်ဝေသော အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)