Main menu

တောင်ငူခရိုင်၊ ဖြူးမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို Talk Show အစီအစဉ်ဖြင့် အသိပညာပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၈ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဖြူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို Talk Show အစီအစဉ်ဖြင့် အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

    အသိပညာပေးအစီအစဉ်တွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေတွင်ဖော်ပြပါရှိသည့် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများဖော်ပြရန်ပြဋ္ဌာန်းချက်များ၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များကိုရောင်းချခြင်းမပြုရန်နှင့် တားမြစ်ချက်များ၊ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူဆောင်ရွက်ရမည့် ပြစ်ဒဏ်များကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသား၏ အရေးကြီးပုံများ၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကိုဖတ်ရှုရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းမရှိသော ကုန်စည်များကိုဝယ်ယူသုံးစွဲခြင်းမပြုသင့်ပုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

     စားသုံးသူကာကွယ်ရေးဆိုင်ရာများကို Talk Show အစီအစဉ်ဖြင့် အသိပညာပေးခြင်းအစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့်အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းတို့ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)