Main menu

တောင်ငူမြို့တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    တောင်ငူခရိုင်၊  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးစောသန်းထိုက်ကျော် (ဦးစီးမှူး) နှင့် ဒုတိယဦးစီးမှူး ဦးနေစိုးထက်တို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တောင်ငူခရိုင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူမြို့၊ ဘုရင့်နောင်ဈေးနှင့် ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

   ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့၊ ဘုရင့်နောင်ဈေးအတွင်းရောင်းချသော စားသောက်ကုန်များနှင့် အလှကုန်ပစ္စည်းများတွင် ခွင့်မပြုဓာတုဆေးဝါးများပါဝင်မှုရှိမရှိနှင့် သက်တမ်းလွန်ကုန်ပစ္စည်းများရှိ/မရှိတို့ကိုလည်းကောင်း၊ ဆေးဆိုင်များ၌ တရားမဝင်ဆေးဝါးနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိ/မရှိကိုကွင်းဆင်းစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနများအလိုက် သိသင့်သိထိုက်သည်များကိုအသိပေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးက ‌စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချကြရန် ဆိုင်ပိုင်ရှင်များနှင့် ဆိုင်ကိုယ်စားလှယ်များအား အသိပညာပေးပြောကြားခဲ့ပါသည်။

       ပူးပေါင်းအဖွဲ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်လင်းထွန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး (၁)၊ ဦးမိုးကျော်သူနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်းကမ်းထိန်း (၃)၊ ဦးထွန်းသူရအောင်တို့ဦးဆောင်သော ဌာနဆိုင်ရာများက ဝန်ထမ်းများပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)