Main menu

ပြည်နယ်ဦးစီးမှူးမှ လုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

 ၂၂.၁.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မွန်ပြည်နယ် ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဌနှင့် မွန်ပြည်နယ် ကွမ်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဌတို့နှင့် တွေ့ဆုံခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် ဝဥနှင့်ကွမ်းသီးတို့သည် မွန်ပြည်နယ်ပြည်ပပို့ကုန် အလားအလာရှိသည့် သီးနှံများဖြစ်သည့်အတွက် အရည်အသွေးကောင်းမွန်စေရေး ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ ပို့ကုန်မြှင့်တင်ရေးအတွက် ကုန်စည်ပြပွဲများ၊ MSMEs ထုတ်ကုန်ပြပွဲများ၊ ဒေသဆိုင်ရာ ထုတ်ကုန်ပြပွဲများတွင် ပါဝင်ပြသခြင်းဖြင့် ဈေးကွက်ရှာဖွေချိတ်ဆက်နိုင်ကြောင်း၊ အခက်အခဲများရှိပါ က တင်ပြနိုင်ကြောင်း ဆွေးနွေးခဲ့ပါသည်။

    လုပ်ငန်းရှင်များမှလည်း ၎င်းတို့အနေဖြင့် နေပြည်တော်၊ ရန်ကုန်တို့တွင် ပြုလုပ်မည့် ကုန်စည်ပြပွဲများတွင် ပါဝင်ပြသနိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိကြောင်းနှင့် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ပြခန်းများတွင်လည်း ပါဝင်ပြသ သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)