Main menu

ထုတ်ကုန်လုံခြုံစိတ်ချရမှရှိစေရေး ရွှေဝါနဒီဆန်စက်အား ကွင်းဆင်းစစ်ဆေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာရှိ ရွှေဝါနဒီဆန်စက်သို့သွားရောက်၍ (၁၁-၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုပြုလုပ်ခဲ့ပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်သည်  ဆန်စက်ပိုင်ရှင် ဦးလူမော်မြင့်မောင်နှင့်တွေ့ဆုံ၍ ရွှေဝါနဒီဆန်ကြိတ်ခွဲသန့်စင်စက်လုပ်ငန်းအကြောင်းကို မေးမြန်းခဲ့ရာ လုပ်ငန်းရှင်က ဆန်စက်အကျယ်အဝန်း (၁၆.၂၆)ဧကရှိပြီး ၂၀၁၉ခုနှစ်မှစတင်ခဲ့ကြောင်း၊ ဝန်ထမ်းအင်အား (၁၁၇)ဦးရှိပြီး လုပ်သားအင်အား(၄၀၀)ခန့်ရှိကြောင်း၊ စပါးသန့်စင်စက်၊ အခြောက်ခံစက်၊ စပါးသိုလှောင်ရုံ၊ ဆန်သိုလှောင်ရုံများ၊ ဆန်စပါးခွံချွတ်စက်၊ ဆန်အချောထုတ်စက်၊ ဆန်ကွဲသန့်စင်စက်များ၊ ကုန်ကြမ်း၊ ကုန်ချောသိုလှောင်ရုံများမှာ စနစ်တကျလည်ပတ်နေပြီး ကောင်မွန်သောဆန်အရည်အသွေးဖြင့် ဖြန့်ချိနိုင်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကိုလည်း ပူးပေါင်းဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်းကိုရှင်လင်းခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ထွက်ပစ္စည်းများကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)