Main menu

ဘားအံမြို့ရှိ အ.ထ.က ၁ ကျောင်းမုန့်ဈေးတန်းတွင် ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ  စစ်ဆေးရေးအရာရှိ ဒေါ်သီတာဌေးနှင့် ဝန်ထမ်း(၃)ဦးတို့သည် (၁၆-၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် ဘားအံမြို့ရှိ  (အ.ထ.က ၁) ကျောင်းမုန့်ဈေးတန်းရှိ ရောင်းချနေသော မုန့်မျိုးစုံများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်ညွှန်ကြားချက် အမှတ်( ၂/၂၀၁၉ ) နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီက  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်ကုန်စည် (၁၀) မျိုးထဲမှ အသင့်စားမုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာ ဖော်ပြထားမှုရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည့်အပြင်  စစ်ဆေးရေးအရာရှိ ဒေါ်သီတာဌေးက ကျောင်းမုန့်ဈေးတန်း၌ ရောင်းချနေသောဈေးသည်များကို  စီးပွားရေးလုပ်ငန်းရှင်များမှ လိုက်နာရမည့် တာဝန်များအကြောင်းကိုလည်းကောင်း၊ ကုန်စည်များရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသောမုန့်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များကိုမရောင်းချရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)