Main menu

ဘားအံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က - ၁ တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သီတာဌေး (ဒုကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်း(၃)ဦးတို့သည် ၁၆-၁-၂၀၂၄ ရက်နေ့ ၊‌နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် ဘားအံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က - ၁) ကျောင်းအစည်းဝေးခန်းမ၌ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်သီတာဌေး(ဒုကြီးကြပ်ရေးမှူး)က ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများကို စားသုံးသူအခွင့်အရေးအကြောင်းကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)တွင် ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားအကြောင်းကို ဥပမာ- မုန့်မျိုးစုံဖြင့် ပိုမိုနားလည်အောင် ကျောင်းသား၊ ကျောင်းသူများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာတို့ လူကိုယ်တိုင်ဖြင့်ဖြစ်စေ၊  ဖုန်းဖြင့်ဖြစ်စေ၊ Website ဖြင့်ဖြစ်စေ၊ Head Office Consumer Call Center – 1535 တို့ကို တိုင်ကြားနိုင်ကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

   ဟောပြောပွဲတွင် Grade – 4, Grade – 5, ကျောင်းသား၊ ကျောင်းသူ(၃၆၀)ဦးနှင့် ဆရာ၊ ဆရာမ ၇ ဦး၊ စုစုပေါင်း ၃၆၇ ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြပြီး ဟောပြောပွဲကို (၁၁:၄၅) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)