Main menu

စားအုန်းဆီဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦး စီးမှူးရုံးသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၀.၁၂.၂၀၂၃)ရက်နေ့ ၊ နံနက် (၁၀:၀၀)အချိန် ညောင်တုန်းမြို့နယ် စားအုန်းဆီအရောင်းဆိုင်(၆)ဆိုင်သို့ သွားရောက်၍ သက်ဆိုင်ရာထောက်ခံချက်များ ရှိ/မရှိနှင့် စားအုန်းဆီရောင်းချနေ မှုများကို စိစစ်ဆောင်ရွက်ခဲ့ပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ် ဈေး၊ ဈေးတန်းနှင့် မြို့ပေါ် ဆီအရောင်း လက်လီ/လက်ကား အရောင်းဆိုင်တွင်များတွင် ရောင်းချနေသော စားအုန်းဆီများနှင့်ပတ်သက်ပြီး စားသုံးသူများ အလွယ်တကူ ဝယ်ယူနိုင်ရေး၊ နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)