Main menu

ဇလွန်မြို့နယ်ရှိ SMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန ဇလွန်မြို့နယ်တာဝန်ခံသည် (၂၁.၁၂.၂၀၂၃) ရက်နေ့ ၊နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် ဇလွန်မြို့နယ် ဆေးရုံလမ်း၊ ညောင်ပင်ဈေးရပ်ကွက်ရှိ GRAND MAX သောက် ရေသန့်စက်ရုံသို့ SMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လက်ရှိထုတ်လုပ်နေသော ထုတ်လုပ်ပုံနည်းစနစ်၊ ရင်းနှီးမြှပ်နှံမှုအခြေအနေနှင့် အကျိုးအမြတ်၊ လုပ်သားအင်အား၊ သန့်ရှင်းမှု ၊ သတ်မှတ်ထားသော စံချိန်စံညွှန်း မှီစေရေးတို့ကို ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်ဘက်မှလည်း စားသုံးသူများ အန္တရာယ်ကင်းစွာ သောက်သုံးနိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိသည်ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)