Main menu

ဖျာပုံခရိုင်၊ တမံ အ.ထ.က(ခွဲ)ရှိ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

    ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁၉)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဖျာပုံခရိုင်၊ တမံ အ.ထ.က(ခွဲ) ရှိ ကျောင်းသား / သူ(၁၅၆)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် တားမြစ်ဆိုးဆေးများ၊ တာရှည်ခံ ဆိုးဆေးများဖြင့်ပြုလုပ်ထားသော အစားအစာများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနမှတားမြစ်ထားသော ကုန်စည်များ၊ စားသောက်ကုန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့ပြင် အစားအသောက်များကိုဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော စားသောက်ကုန်များကိုဝယ်ယူသုံးစွဲကြရန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြထားသော ကုန်စည်များကိုဝယ်ယူအသုံးပြုကြရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့ကို သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)